ကြယ်တွေလင်းတဲ့ ကောင်းကင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ဖေဖော်ဝါရီလအတွက် သတင်းကောင်းတစ်ခုကို ယူဆောင်လာခဲ့တဲ့ SPEC ကျောင်းသားလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်ကတော့ မြတ်မင်းခန့်ပါ။

မြတ်မင်းခန့်ဟာ အမေရိကန်နိုင်ငံကို ပဥ္စမတန်းနှစ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ ရောက်ခါစမှာ ဘာသာစကား အခက်အခဲနဲ့ ယဉ်ကျေးမှုအပြောင်းအလဲတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် မကြာခင်မှာပဲ သူတက်ရောက်နေတဲ့ ကျောင်းတော်ကြီးရဲ့ Dean’s List စာရင်းဝင် ကျောင်းသားလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မခံချင်စိတ်အရင်းခံပြီး အောင်မြင်မှုတွေကို ကြိုးစားရယူနိုင်ခဲ့တဲ့ မြတ်မင်းခန့်ဟာ အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့ National Honor Society အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Myat Min Khant

Syracuse University

Class of 2023

အဲဒီ့ကမှတဆင့် သူဟာ Air Force Junior Reserve Officer Training Corps (လေတပ် အရန်အရာရှိ လေ့ကျင့်ရေးသင်တန်း) ကို တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ထောက်ပံ့ရေးတပ်ရဲ့ Deputy Group Commander အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ Aircraft Powerplant Mechanic အတွက် အသိအမှတ်ပြု လိုင်စင်လက်မှတ်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

အားကစားလှုပ်ရှားဆောင်ရွက်မှု အနေနဲ့ဆိုရင် ဂေါ့(ဖ်)အသင်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Rising Star Award 2017 ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် မြတ်မင်းခန့်ဟာ အချိန်ကို အလဟဿ မဖြစ်စေရဘဲ Summer Youth Employment Program (SYEP) မှာ စာရင်းပေးလို့ အလုပ်လျှောက်ထားခဲ့ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း LaGuardia Community College မှာ သော်လည်းကောင်း၊ York College မှာ သော်လည်းကောင်း တစ်လှည့်စီ အလုပ်လုပ်ရင်း ပညာကြိုးစားသင်ယူခဲ့တဲ့ မြတ်မင်းခန့်နဲ့ ကျွန်တော် ၂၀၁၇ ခုနှစ်မှာ ဆုံဖြ