အမေရိကားမှာ ကျောင်းတက်မယ် ဆိုလျှင် အပိုင်း (၃)

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…

အရင်ဆောင်းပါးထဲမှာ 2-Year Community Colleges တွေ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ သည်တစ်ခါတော့ 4-Year Colleges တွေကို လျှောက်ရင် ဘာတွေလိုမယ်ဆိုတဲ့ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးလိုပါတယ်။

4-Year Colleges တွေထဲမှာလည်း Public နဲ့ Private ဆိုပြီး ထပ်ခွဲခြားထားပါတယ်။ ကျောင်းလျှောက်ရတဲ့ လမ်းကြောင်းတွေက သိပ်မကွာတဲ့အတွက် အတူတူပဲ တွဲပြီး ပြောပြပေးသွားပါမယ်။

ကျောင်းလျှောက်တဲ့အခါမှာ အဓိက လိုအပ်ချက် (Requirement) ၅ ချက် ရှိပါတယ်။ အဲဒါတွေကတော့

🔹 High School Diploma & Transcripts (အထက်တန်းအောင်လက်မှတ် အထောက်အထားနဲ့ အမှတ်စာရင်း)

🔹Standardized Tests (အရည်အချင်းစစ် စာမေးပွဲများ)

🔹 Recommendation Letters (ထောက်ခံစာများ)

🔹 Extracurricular Activities (ကျောင်းပြင်ပ လှုပ်ရှားဆောင်ရွက်မှုများ)

🔹 Application Essay & Optional Personal Interview (အက်ဆေးနဲ့ အင်တာဗျူး) စသည်တို့ပဲ ဖြစ်ပါတယ်။

(၁) အောင်လက်မှတ်နှင့် အမှတ်စာရင်း

-------------------------------

မိမိရရှိထားတဲ့ အထက်တန်း ကျောင်းအောင်လက်မှတ်နဲ့ ရမှတ်တွေဟာ အင်္ဂလိပ်လို မဖြစ်ခဲ့ဘူးဆိုရင် နိုတြီ (Notary) ပြန်ဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံက ကျောင်းသားတွေအတွက် သက်ဆိုင်ရာ ကျောင်းတွေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရှိပြီးသား ဖြစ်တာမို့ High School Transcripts နဲ့တင် လုံလောက်နေပေမယ့် နိုင်ငံတကာ ကျောင်းသားတွေအတွက်ကတော့ အိမ်ထောင်စုဇယားတွေကိုပါ တင်ပြရလေ့ ရှိပါတယ်။ ဒါကြောင့် ကျောင်းလျှောက်ရင် အဲဒီ့ အချက်အလက်တွေကိုပါ နိ