ထူးချွန်ကျောင်းသူလေး Kate Hseng အကြောင်း
- info4928908
- Apr 9
- 2 min read
SPECtarian of 2025: Kate Hseng
အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
ကျွန်တော်တို့ Success Prep Education Center မှာ ပညာတက်ရောက်သင်ယူပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို လျှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကောင်းသတင်းတွေထဲက နောက်တစ်ခုကို ဝေမျှပေးချင်ပါတယ်။
သူကတော့ မြန်မာနိုင်ငံကနေ SAT Online Class နဲ့ College Application Workshop Program တွေကို တစ်နှစ်ခွဲနီးပါး တစိုက်မတ်မတ် တက်ရောက်သင်ယူခဲ့တဲ့ တပည့်ကျော် သမီးငယ်လေး Kate Hseng ပဲ ဖြစ်ပါတယ်။
ဝင်ခွင့်ရရှိသည့် တက္ကသိုလ်နှင့် ပညာတော်သင်ဆု ပမာဏ
သမီး Kate Hseng (a.k.a) Nang Nang Onn Hseng ဟာ U.S National Liberal Arts Colleges အားဖြင့် အမှတ်စဉ် ၃၊ Best Value Schools မှာ အဆင့် ၅ ရှိပြီး ကျောင်းသား ၁၀၀ ယောက် လျှောက်ရင် ၇ ယောက်သာ ဝင်ခွင့်ရရှိနိုင်တဲ့ Swarthmore College ကို ပညာတော်သင်ဆုအများကြီးနဲ့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ Swarthmore College ရဲ့ ထူးခြားချက်ကတော့ Liberal Arts Education သာမကဘဲ Engineering Campus ပါ ရှိနေတာ ဖြစ်ပါတယ်။
သူမဟာ တစ်နှစ်ကို USD $78,981 နဲ့ လေးနှစ်စာ ဒေါ်လာ ၃ သိန်း ၁ သောင်း ၆ ထောင်ခန့် ရရှိမှာ ဖြစ်ပြီး သူမ စိတ်ဝင်စားတဲ့ Biology ကိုအခြေပြုပြီး Pre-Med. ကို တက်ရောက်သင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

Success Prep နှင့် စတင်တွေ့ရှိခဲ့ပုံ
သမီးလေး Kate Hseng ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သာလွန်အထက်တန်းကျောင်း (Thalun International School) မှာ အထက်တန်း (၁၁ တန်း) တက်ရောက်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေပဲ Success Prep ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ နာမည်ကျော် Ivy League တက္ကသိုလ်တစ်ခုဖြစ်တဲ့ Dartmouth College ကို ဝင်ခွင့်ရရှိသွားခဲ့တဲ့ ထူးချွန်ကျောင်းသား မောင်ဝေယံဝင်းအောင် (Wai Yan Win Aung) ရဲ့မိဘများက မိတ်ဆက်ပေးမှုကနေတဆင့် Success Prep Education Center အကြောင်းကို စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။
Success Prep ရဲ့ College Application Workshop Program ကနေ ကျောင်လျှောက်တဲ့ ကျောင်းသူကျောင်းသားတွေကို ဘယ်လိုပုံစံမျိုး ထိထိရောက်ရောက် လမ်းညွှန်သင်ကြားပြသ ပေးနိုင်မလဲ ဆိုတာကို အသေးစိတ်သိချင်တဲ့အတွက် တည်ထောင်အုပ်ချုပ်သူ ကျွန်တော်နဲ့ အွန်လိုင်းကနေ ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ စိတ်တိုင်းကျခဲ့တာကြောင့် သမီးလေး Kate Hseng ကို ယုံကြည်စွာနဲ့ စတင်အပ်နှံခဲ့ပါတယ်။
ကျောင်းလျှောက်တဲ့အခါမှာလည်း သမီး Kate စိတ်ဝင်စားတဲ့ Biology ကို အခြေခံပြီး သင့်တော်မယ့် တက္ကသိုလ်တွေကို စနစ်တကျ ရွေးချယ်လှောက်ထားဖြစ်ခဲ့ကြပါတယ်။ သမီးလေးဖက်ကလည်း ကျွန်တော်တို့ Success Prep က ချမှတ်ပေးတဲ့ Assignment တွေ၊ ရေးရမယ့် အက်ဆေးတွေ၊ ပြုစုရမယ့် ကျောင်းတွေရဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာခဲ့ရုံသာမကဘဲ သူမရဲ့ High School GPA နဲ့ အခြားဘာသာရပ်တွေမှာ အမှတ်ကောင်းနေအောင်လည်း ထိန်းထားနိုင်ခဲ့ပါတယ်။

ကျောင်းပြင်ပလှုပ်ရှားမှု (Extracurricular Activities)
ဒါ့အပြင် ကျောင်းပြင်ပလှုပ်ရှားဆောင်ရွက်မှုတွေမှာ ဆိုရင်လည်း သမီးလေး Kate ဟာ Hlaing Thar Yar Kids လို့ခေါ်တဲ့ အဖွဲ့လေးတစ်ခုကို သူမရဲ့ သူငယ်ချင်းဖြစ်သူ Angela Tin (Boston College ကို စကောလားရှစ်နဲ့ ဝင်ခွင့်ရသူ) နဲ့ အတူတကွ တည်ထောင်ပြီး အပတ်စဉ် အင်္ဂလိပ်စာနဲ့ အခြားဘာသာရပ်တွေကို ကူညီသင်ကြား ပြသပေးနေခဲ့ပါတယ်။
ကျောင်းမှာဆိုရင်လည်း Thalun Student Council ရဲ့President၊ Varsity Volleyball Club ရဲ့ Captain၊ Varsity Girls’ Soccer Club ရဲ့ Captain နဲ့ Community Service Club ရဲ့ Vice President အဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
ဒါကတော့ သမီးလေး Kate Hseng ကျောင်းနေစဉ်ကာလအတွင်းမှာ ရရှိခဲ့တဲ့ ဆုတွေပဲ ဖြစ်ပါတယ်။
East Asia Regional Council of Schools: Global Citizenship Award (2023-2024)
Thalun Learning Leaders of Tomorrow Scholarship: 75% Scholarship (Grade 10 - 12)
Director’s Merit Award: Humanitarian of the Year (Grade 10, Grade 11)
Director’s Honor Roll (Grade 10, Grade 11)
AP Scholar with Honor (2024)
ကျောင်းပေါင်းများစွာအတွက် ရေးသားရတဲ့ Admission Essays တွေ၊ စိတ်ဝင်စားတဲ့ မေဂျာနဲ့ ရရှိနိုင်မယ့် ပညာတော်သင်ဆုတွေကို ရှာဖွေပြီး စာရင်းပြုစုတာတွေ၊ ကျောင်းပြင်ပ လှုပ်ရှားမှုလို့ ဆိုရမယ့် Extracurricular Activities တွေကိုလည်း မပျက်မကွက် တပြိုင်တည်း ပါဝင်ဆောင်ရွက်တာတွေ၊ တချိန်တည်းမှာပဲ High School GPA ကို ထိန်းထားနိုင်ဖို့အတွက် အချိန်နဲ့ တပြေးညီ ပြီးစီးအောင်လေ့လာနေရတဲ့ ကျောင်းစာနဲ့ AP ဘာသာရပ်တွေ၊ SAT အတွက် အပတ်စဉ် ဖြေဆိုရတဲ့ Assignments တွေ စသည်ဖြင့် ကိစ္စပေါင်းများစွာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော် ကြိုးစားအားထုတ်နိုင်ခဲ့တဲ့ သမီးလေးအတွက် ဒီပညာတော်သင်ဆုဟာ တကယ်ကိုပဲ ထိုက်တန်လှပါတယ်။
Wall of Fame မှာ မှတ်တမ်းရေးထိုး
ဒီလိုမျိုး ထိုက်ထိုက်တန်တန် အောင်မြင်မှု ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ သမီးလေး Kate Hseng ကို ဂုဏ်ပြုတဲ့အနေနဲ့ Success Prep Education Center ရဲ့ ထူးချွန်ကျောင်းသားကျောင်းသူများ စာရင်း Wall of Fame မှာ Spectarian 2025 အဖြစ် အမှတ်တရ မော်ကွန်းရေးထိုးလိုက်ပါတယ်…
သမီးလေး Kate ဖြစ်ချင်တဲ့ Biomedical Engineer တစ်ယောက် အဖြစ် ဘဝခရီး တလျှောက်လုံးမှာ အောင်မြင်မှု အလီလီ ရရှိနိုင်ပါစေလို့လည်း Success Prep Education Center ရဲ့ ဆရာ၊ဆရာမများက ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ….
အားလုံးကို ချစ်ခင်လေးစားလျက်
“Believing is Achieving!”
Success Prep Education Center
Center I
8829 51st Avenue
Elmhurst, NY 11373
United States of America
+ (1) 347 612 4561
Center II
1766 Cropsey Avenue
Brooklyn, NY 11214
United States of America
+ (1) 929 412 2884
Center III
183 W El Repetto Dr
Monterey Park, CA 91754
United States of America
+ (1) 626 464 3058
コメント