အမေရိကန် အခြေခံပညာရေး စနစ်အကြောင်း တစေ့တစောင်း
(၁) တနင်္ဂနွေနေ့က SPEC Myanmar မှာ ‘အမေရိကန် နိုင်ငံရဲ့ အခြေခံ ပညာရေး စနစ်အကြောင်း’ ဆွေးနွေးပွဲလေး လုပ်ဖြစ်ခဲ့တယ်။ ပထမဦးဆုံးအကြိမ် အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးပွဲလေး လုပ်တာဖြစ်တဲ့အတွက် စိတ်ထဲမှာ နည်းနည်းတော့ ထင့်နေခဲ့မိတယ်။ ဆွေးနွေးပွဲမတိုင်ခင် တစ်ပတ်လောက်ကတည်းက ပရိုဂျက်တာတွေဆင်၊ အသံစနစ်တွေ စစ်ဆေး၊ မိုက်ကရိုဖုန်း ကောင်းမကောင်းစမ်း၊ အခန်းထဲမှာ လေအေးပေးစက် တစ်လုံးတည်း မလောက်မှာစိုးလို့ နောက်တစ်လုံး ထပ်တပ်၊ ကွန်ပျူတာကိုလည်း PC နဲ့ ပြောတာ ကောင်းလား၊ Mac နဲ့ဆို ပိုအဆင်ပြေမလား