top of page

အမေရိကန် အထက်တန်းအောင် GED စာမေးပွဲဆိုတာ ...

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

သည်တစ်ခါ ကျွန်တော် ရှင်းလင်းဆွေးနွေးပြလိုတဲ့ အကြောင်းအရာကတော့ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံရဲ့ အထက်တန်းအောင်ပညာရေးနဲ့ ညီမျှတဲ့ အရည်အချင်းစစ် စာမေးပွဲ သုံးခုအကြောင်းပဲ ဖြစ်ပါတယ်။ အဲသည့်စာမေးပွဲ သုံးခုကတော့

🔹 GED (General Education Development)

🔹 HiSET (High School Equivalency Test)

🔹 TASC (Test Assessing Secondary Completion)

စတာတို့ပဲ ဖြစ်ပါတယ်။

သည်နေ့ပို့စ်လေးမှာတော့ GED စာမေးပွဲအကြောင်းကို အကျယ်တဝင့်

ရှင်းလင်းရေးသားသွားမှာ ဖြစ်ပါတယ်။

(၁) GED ဆိုတာ ဘာလဲ၊ ဘာကြောင့် ဖြေဆိုသင့်သလဲ။

GED စာမေးပွဲကို ACE (American Council on Education) က ကြီးမှူးကျင်းပပေးပါတယ်။ GED ဆိုတာ General Education Development ရဲ့ အတိုကောက် စာလုံး ဖြစ်ပါတယ်။ ဘာကြောင့် GED စာမေးပွဲဟာ အမေရိကားမှာ နာမည်ကြီးရသလဲ ဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာရေးကို ဆုံးခန်းတိုင်အောင် မတက်ရောက်နိုင်ခဲ့သူတွေကို ဒုတိယအခွင့်အရေးအနေနဲ့ ပြန်လည်ကြိုးစားခွင့် ပေးထားလို့ပဲ ဖြစ်ပါတယ်။

သည်စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်အနေနဲ့ အလုပ်အကိုင်ရှာဖွေရာမှာဖြစ်စေ၊ မိမိတို့ တက်ရောက်လိုတဲ့ တက္ကသိုလ်များကို တက်ရောက်ရာမှာ ဖြစ်စေ အမေရိကန် (သို့မဟုတ်) ကနေဒါနိုင်ငံ အထက်တန်းအောင် ကျောင်းသား၊ ကျောင်းသူတစ်ဦးနဲ့ မခြား ဆက်ဆံခံရပြီး အခွင့်အရေး တန်းတူ ရရှိမှာ ဖြစ်ပါတယ်။

စစ်တမ်းကောက်ခံချက်အရ ပြောရရင် GED လက်မှတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတစ်ယောက်ဟာ GED လက်မှတ်မရှိတဲ့ အခြေခံ အလုပ်သမားတစ်ယောက်ထက် တစ်နှစ်ကို လစာ ဒေါ်လာ တစ်သောင်းကနေ နှစ်သောင်းထိ ပိုများလေ့ ရှိပါတယ်။

Full time employees with a high school diploma earn $10,000 to $20,000 a year more than employees without a diploma. This means they can make $480,000 or more in their lifetime.

(https://www.passged.com/…/three-reasons-to-get-a-ged-certif…)

ဒါ့အပြင် ၂ နှစ်တက်ရတဲ့ တက္ကသိုလ်တွေဖြစ်တဲ့ Community College (သို့မဟုတ်) Junior College တွေကို လျှောက်မယ်ဆိုရင်လည်း GED လက်မှတ်ကို မဆိုင်းမတွ လက်ခံကြတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

လေးနှစ်တက်ရတဲ့ Colleges & Universities တွေကို လျှောက်ထားမယ်ဆိုရင်တော့ GED လက်မှတ်နဲ့အတူ SAT (သို့) ACT ရမှတ်တွေကိုပါ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။ SAT/ACT ရမှတ်ကောင်းပြီး GED လက်မှတ်လည်း ရရှိထားမယ်ဆိုရင်တော့ 4-year colleges တွေကို တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

(၂) GED စာမေးပွဲကို ဖြေဆိုရန် အတွက် အခြေခံ သတ်မှတ်ချက်များ

GED စာမေးပွဲကို ဖြေဆိုဖို့အတွက် အခြေခံ လိုအပ်ချက်တွေကတာ့

🔹 အသက် (၁၇) နှစ်အထက် ဖြစ်ရပါမယ်။

🔹 အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းမှာ တက်ရောက်ဖို့ အခွင့်အလမ်းမရှိသူလည်း ဖြစ်ရပါမယ်။

🔹 အမေရိကန် ပညာရေးဌာနက အသိအမှတ်မပြုတဲ့ Unaccredited High School (သို့) Homeschool တွေမှာ တက်လာခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများလည်း ဖြေနိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ အထက်တန်းကျောင်းတွေက အောင်လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ (သို့) International School တွေကို ပြီးဆုံးအောင် မတက်ရောက်တော့ဘဲ လမ်းခုလတ်မှာ Home-Schooling လုပ်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ IGCSE စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် အောင်မှတ်မရခဲ့တဲ့အတွက် နောက်တစ်ကြိမ်ဖြေဆိုုဖို့ အချိန်မပေးချင်တော့တဲပ ကျောင်းသူ၊ ကျောင်းသားတွေ၊ SAT/ACT လို စာမေးပွဲမျိုးကို မဖြေချင်ဘဲ အမေရိကားကို အမြန်လာရောက်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ GED စာမေးပွဲကို သေချာလေ့လာပြီး ဖြေဆိုသင့်ပါတယ်။

(၃) GED စာမေးပွဲ ဖြေဆိုရမည့် ပုံစံ

စာမေးပွဲကို ဖြေဆိုတဲ့အခါမှာ တကယ့် Test Center မှာ လူကိုယ်တိုင် သွားဖြေရမှာ ဖြစ်ပါတယ်။ ဖြေဆိုရာမှာတော့ paper-based မဟုတ်ဘဲ ကွန်ပျူတာနဲ့သာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ မိမိမှာ မသန်မစွမ်း အနေအထားရှိနေခဲ့တယ် ဆိုရင်တော့ Accomodation Status ကို တောင်းလို့ ရပါတယ်။ အဲဒါဆိုရင်တော့ ဖြေဆိုချိန်လည်း ပိုရမှာ ဖြစ်သလို နားနေချိန်ကိုလည်း ပိုပေးမှာ ဖြစ်ပါတယ်။

Test Center ကို လူကိုယ်တိုင် သွားစရာမလိုဘဲ Online ကနေ ဖြေဆိုလို့ရတယ်ဆိုတာတွေက လူလိမ်တွေ လုပ်စားတတ်တဲ့ Online GED Scam တွေ ဖြစ်ပါတယ်။ သူတို့ပြောတာတွေကို မယုံကြည်စေချင်ပါဘူး။

(၄) GED စာမေးပွဲတွင် ပါဝင်သည့် Module များ

GED စာမေးပွဲမှာ အပိုင်း ၄ ပိုင်း ပါရှိပါတယ်။ အဲဒါတွေကတော့

🔹 Reasoning Through Language Arts (RLA) - ကြာမြင့်ချိန် စုစုပေါင်း (၁၅၅ မိနစ်)

🔹 Mathematical Reasoning - ကြာမြင့်ချိန် စုစုပေါင်း (၁၂၀ မိနစ်)

🔹 Science - ကြာမြင့်ချိန် စုစုပေါင်း (၉၅ မိနစ်)

🔹 Social Studies - ကြာမြင့်ချိန် စုစုပေါင်း (၇၅ မိနစ်) တို့ပဲ ဖြစ်ပါတယ်။

(၅) GED စာမေးပွဲတွင် မေးသည့် မေးခွန်းအမျိုးအစားများ

GED စာမေးပွဲမှာ မေးတဲ့ မေးခွန်းတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စာဖြေသူရဲ့ Reading Skill (စာဖတ်စွမ်းရည်), Writing Skill (အရေးအသားစွမ်းရည်), Computing Skill (တွက်ချက်နိုင်စွမ်းရည်), Interpreting Information Skill (အချက်အလက်များကို ဘာသာပြန်နားလည်နိုင်စွမ်းရည်) စတာတွေကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။

စာမေးပွဲ ဖြေဆိုချိန် စုစုပေါင်းက ပျမ်းမျှ ၇ နာရီထိ ကြာမြင့်တတ်ပါတယ်။ တစ်ကြိမ်မှာ ဘာသာရပ်တစ်ခုစီကိုပဲ ရွေးချယ်ဖြေဆိုတာကို ပိုပြီး အားပေးချင်ပါတယ်။

(၆) GED စာမေးပွဲ အောင်မှတ် သတ်မှတ်ပုံ

GED စာမေးပွဲရဲ့ ဘာသာရပ်တစ်ခုချင်းစီဟာ စုစုပေါင်း အမှတ် (၂၀၀) မှာ အခြေခံပါတယ်။

အမှတ် ၁၀၀ မှ ၁၄၄ (ကျရှုံး)

အမှတ် ၁၄၅ မှ ၁၆၄ (အောင်မြင်)၊ Foundation Course တက်ရန်လို

အမှတ် ၁၆၅ မှ ၁၇၄ (အောင်မြင်)၊ ကောလိပ်တက်ရန် အသင့်ဖြစ်၊ Foundation လွတ်၊

အမှတ် ၁၇၅ - ၂၀၀ (အောင်မြင်)၊ ကောလိပ်တက်ရန် အသင့်ဖြစ်၊ Credit ရ

ဖြေဆိုရာမှာ ကျရှုံးတဲ့ ဘာသာရပ်ကိုပဲ ရွေးချယ်ပြီး ပြန်ဖြေလို့ ရပါတယ်။ အကုန်လုံးကို ပြန်ဖြေစရာ မလိုပါဘူး။ အကြိမ်ပေါင်းများစွာ မအောင်မချင်း ပြန်ဖြေခွင့် ရှိပါတယ်။ ဒါပေမယ့် ကျရှုံးသွားတဲ့ ဘာသာရပ်တစ်ခုကို ရွေးချယ်ဖြေဆိုရမှာ တစ်နှစ်အတွင်း သုံးကြိမ်ထက် ဆက်တိုက်ပိုဖြေလို့ မရပါဘူး။ ဖြေမယ်ဆိုရင် ရက် (၆၀) စောင့်ရပါမယ်။

(၇) GED စာမေးပွဲဆိုင်ရာ အနှစ်ချုပ် သုံးသပ်ချက်

ခုလောက်ဆိုရင် GED စာမေးပွဲအကြောင်းကို အတန်သင့် တီးခေါက်မိပြီလို့ ယူဆပါတယ်။ GED စာမေးပွဲဟာ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် ဘယ်လိုများ အကျိုးရှိစေနိုင်မလဲဆိုတဲ့ အချက်အလက်လေးတွေကို အနှစ်ချုပ်အနေနဲ့ ဆွေးနွေးလိုပါတယ်။

မြန်မာနိုင်ငံရဲ့ အထက်တန်းကျောင်း အများစုဟာ နိုင်ငံတကာအဆင့်မီကျောင်းများအဖြစ် သတ်မှတ်ထားခံရခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ပြည်ပတက္ကသိုလ်များအနေနဲ့ မြန််မာပြည်က ကျောင်းသူကျောင်းသားများကို အရည်အချင်း သုံးသပ်ရာမှာ အခက်အခဲရှိတတ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်အထက်တန်းကျောင်းများဟာ မကြာသေးခင်အထိ ၁၀ တန်းအထိသာ ရှိပါတယ်။ အမေရိကန်နဲ့ ကနေဒါ အထက်တန်းကျောင်းများကတော့ ၁၂ တန်းထိ ရှိပါတယ်။

GED စာမေးပွဲကို ဖြေဆိုအောင်မြင်ထားမယ်ဆိုရင် မိမိတို့ကို ၁၂ တန်းအောင် အထက်တန်းကျောင်းသား၊ ကျောင်းသူများနဲ့ တန်းတူ သတ်မှတ်ဆက်ဆံခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် GED စာမေးပွဲရလာဒ်ကို နိုင်ငံတော်တော်များများက အသိအမှတ်ပြု လက်ခံတဲ့အတွက် မိမိတို့အနေနဲ့ ပြည်ပတက္ကသိုလ်များကို တက်ရောက်ရမှာ ရွေးချယ်နိုင်စွမ်း ပိုများလာမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၂ နှစ်တက္ကသိုလ်များကို တက်ရောက်မယ်ဆိုရင် GED လက်မှတ်ရှိပြီး TOEFL (သို့) IELTS ရမှတ်ကို တင်ပြနိုင်တာနဲ့ တိုက်ရိုက်ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။ ၄ နှစ်တက္ကသိုလ်များကို တက်ရောက်ချင်တယ်ဆိုရင်တော့ SAT (သို့) ACT အမှတ်ကိုပါ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဆွေးနွေးလိုတာကတော့ GED စာမေးပွဲဟာ SAT, ACT, IGCSE စတဲ့ စာမေးပွဲတွေထက် ပိုပြီး လွယ်ကူပါတယ်ဆိုတဲ့ အကြောင်းပါပဲ။

နောက်ရေးမယ့် ဆောင်းပါးလေးတွေမှာတော့ GED နဲ့ အလားတူ ဖြေဆိုနိုင်မယ့် HiSET နဲ့ TASC စာမေးပွဲများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးသွားပါဦးမယ်။

GED စာမေးပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖြေဆိုချင်တယ်ဆိုရင်တော့ အောက်ပါ SPEC ကျောင်းများမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

SPEC Myanmar ၏ ခြေလှမ်းများ

💥💥💥💥💥💥💥💥💥💥💥💥

မြန်မာနိုင်ငံမှာ ဖြေဆိုခွင့်ရတဲ့ GED Test Center တစ်ခုဖြစ်အောင် SPEC Myanmar မှ ကြိုးစားလျက်ရှိပါတယ်။

🔹 နိုင်ငံတကာ စာမေးပွဲများ ဖြစ်တဲ့ SAT, ACT, TOEFL, IELTS, GED, GRE, GMAT စတဲ့ စာမေးပွဲတွေအတွက် စာမေးပွဲကြေးသွင်းပေးခြင်း၊

🔹 မိမိတို့လိုချင်တဲ့ စာမေးပွဲရက်များကို ရယူပေးခြင်း၊

🔹 သက်ဆိုင်ရာ စာမေးပွဲများအတွက် တစ်ဦးချင်း အနီးကပ် လေ့ကျင့်ပြင်ဆင်သင်ကြားပေးခြင်း၊

🔹 တက္ကသိုလ်ကောလိပ်များကို လျှောက်ထားရာမှာ သိထားသင့်တဲ့ အ

ချက်အလက်များကို ရှင်းလင်းပြောကြားပေးခြင်း

🔹 ပညာတော်သင်ဆု လျှောက်ထားရာမှာ သိထားသင့်တဲ့ အချက်အလက်များကို ဆွေးနွေးရှင်းပြပေးခြင်း

🔹 အမေရိကန်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်၊ ကျောင်းများကို အလည်အပတ်လာရောက်ရန် စီစဉ်ပေးခြင်း စတဲ့ ပညာရေး ဝန်ဆောင်မှုတွေကိုလည်း SPEC Myanmar မှာ လက်ရှိ လုပ်ဆောင်ပေးလျက် ရှိပါတယ်။

💥💥💥💥💥💥💥💥💥💥💥💥

အားလုံးကို ချစ်ခင်လေးစားလျက်

Yan Aung

Believing is Achieving

Success Prep Education Center

🇺🇸 Center I (HQ.)

8710, 51st Avenue, 1S & 1R

Elmhurst, NY 11373.

☎️ + (1) 347 642 8393

🇺🇸 Center II

59 Lake Street

Brooklyn, NY 11223.

☎️ + (1) 626 464 3058

🇲🇲 Center III

SPEC MYANMAR

133, Mill Road, Suite 602

Mingalar Taung Nyunt, Yangon

MYANMAR.

☎️ + (95) 9 898 808 869

bottom of page