ထူးချွန်ကျောင်းသူ Angela Tin အကြောင်း 🎓✨
- SuccessPrep Edu. Center
- Mar 27
- 2 min read

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…
နှစ်စဉ်နှစ်တိုင်း မတ်လဝန်းကျင်ရောက်ရင် ကျွန်တော်တို့ Success Prep Education Center မှာ ပညာတက်ရောက်သင်ယူပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကို လျှောက်ထားကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ ကောင်းသတင်းကို ကြားရမြဲ ဖြစ်ပါတယ်။
သည်တစ်ခါ ကောင်းသတင်းကို ဆောင်ကြဉ်းပေးလာသူကတော့ မြန်မာနိုင်ငံကနေ SAT Online Class နဲ့ College Application Workshop Program တွေကို တစ်နှစ်ခွဲနီးပါး တစိုက်မတ်မတ် တက်ရောက်သင်ယူခဲ့တဲ့ တပည့်ကျော် သမီးငယ်လေး Angela Tin ပဲ ဖြစ်ပါတယ်။
ဝင်ခွင့်ရရှိသည့် တက္ကသိုလ်နှင့် ပညာတော်သင်ဆု ပမာဏ
သမီး Angela Tin (a.k.a) KayThari Tin ဟာ U.S National Ranking အားဖြင့် အမှတ်စဉ် ၃၇ မှာရှိတဲ့ Top 50 Colleges တွေထဲက တစ်ခုဖြစ်တဲ့ Boston College ကို ပညာတော်သင်ဆုအများကြီးနဲ့ ဝင်ခွင့်ရရှိခဲ့ပါတယ်။ သူမဟာ တစ်နှစ်ကို USD $70,000 နဲ့ လေးနှစ်စာ ဒေါ်လာ ၂ သိန်း ၈ သောင်းကျော် ရရှိမှာ ဖြစ်ပြီး သူမ စိတ်ဝင်စားတဲ့ Statistics Major ကို တက်ရောက်သင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။
Facts about Boston College
It is one of the top 300 colleges in the world
Their library is considered one of the most beautiful college libraries in the world.
They have a secret underground tunnel connects Gonzaga and Kostka halls on Upper Campus
Total of 9654 students enrolled for undergraduate programs
Total of 15234 students enrolled in Boston College


Success Prep နှင့် စတင်တွေ့ရှိခဲ့ပုံ
သမီးလေး Angela Tin ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သာလွန်အထက်တန်းကျောင်း (Thalun International School) မှာ အထက်တန်း (၁၁ တန်း) တက်ရောက်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကျောင်းကနေပဲ Success Prep ရဲ့ လေ့ကျင့်သင်ကြားမှုနဲ့ နာမည်ကျော် Ivy League တက္ကသိုလ်တစ်ခုဖြစ်တဲ့ Dartmouth College ကို ဝင်ခွင့်ရရှိသွားခဲ့တဲ့ ထူးချွန်ကျောင်းသား မောင်ဝေယံဝင်းအောင် (Wai Yan Win Aung) ရဲ့မိဘများက မိတ်ဆက်ပေးမှုကနေတဆင့် Success Prep Education Center အကြောင်းကို စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ မိဘများဟာ Success Prep ကျောင်းကနေ လေ့ကျင့်သင်ကြားပေးမှုအကြောင်းကို အသေးစိတ်သိချင်ခဲ့တာကြောင့် တည်ထောင်အုပ်ချုပ်သူ ကျွန်တော်နဲ့ အွန်လိုင်းကနေ စတင်ဆွေးနွေး စုံစမ်းမေးမြန်းခဲ့ပါတယ်။ သူတို့သိချင်တဲ့ မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ စိတ်တိုင်းကျခဲ့တာကြောင့် သမီးလေး Angela Tin ကို ယုံကြည်စွာနဲ့ စတင်အပ်နှံခဲ့ပါတယ်။
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ သမီးလေး Angela ဟာ Success Prep ရဲ့SAT Curriculum တွေကို အပတ်တကုတ် ကြိုးစားလေ့လာခဲ့ရုံသာမကဘဲ ကျောင်းလျှောက်ရမယ့် အချိန်ရောက်လာချိန်မှာလည်း ကျွန်တော့်ဖက်ကပေးတဲ့ တာဝန်တွေ၊ လုပ်ဆောင်ရမယ့် ဝတ္တရားတွေကို မပျက်မကွက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျောင်းပေါင်းများစွာအတွက် ရေးသားရတဲ့ Admission Essays တွေ၊ စိတ်ဝင်စားတဲ့ မေဂျာနဲ့ ရရှိနိုင်မယ့် ပညာတော်သင်ဆုတွေကို ရှာဖွေပြီး စာရင်းပြုစုတာတွေ၊ ကျောင်းပြင်ပ လှုပ်ရှားမှုလို့ ဆိုရမယ့် Extracurricular Activities တွေကိုလည်း မပျက်မကွက် တပြိုင်တည်း ပါဝင်ဆောင်ရွက်တာတွေ၊ တချိန်တည်းမှာပဲ High School GPA ကို ထိန်းထားနိုင်ဖို့အတွက် အချိန်နဲ့ တပြေးညီ ပြီးစီးအောင်လေ့လာနေရတဲ့ ကျောင်းစာနဲ့ AP ဘာသာရပ်တွေ၊ SAT အတွက် အပတ်စဉ် ဖြေဆိုရတဲ့ Assignments တွေ စသည်ဖြင့် ကိစ္စပေါင်းများစွာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော် ကြိုးစားအားထုတ်နိုင်ခဲ့တဲ့ သမီးလေးအတွက် ဒီပညာတော်သင်ဆုဟာ တကယ်ကိုပဲ ထိုက်တန်လှပါတယ်။
Wall of Fame မှာ မှတ်တမ်းရေးထိုး
ဒီလိုမျိုး ထိုက်ထိုက်တန်တန် အောင်မြင်မှု ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ သမီးလေး Angela Tin ကို ဂုဏ်ပြုတဲ့အနေနဲ့ Success Prep Education Center ရဲ့ ထူးချွန်ကျောင်းသားကျောင်းသူများ စာရင်း Wall of Fame မှာ Spectarian 2025 အဖြစ် အမှတ်တရ မော်ကွန်းရေးထိုးလိုက်ပါတယ်…
သမီးလေး Angela ဖြစ်ချင်တဲ့ Statistician အဖြစ် ဘဝခရီး တလျှောက်လုံးမှာ အောင်မြင်မှု အလီလီ ရရှိနိုင်ပါစေလို့လည်း Success Prep Education Center ရဲ့ ဆရာ၊ဆရာမများက ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ….
အားလုံးကို ချစ်ခင်လေးစားလျက်
Contact us
📧 Email us: successprepnyc@gmail.com📍
Visit us: www.successpreptutoring.com
Comments